J-TEST စာမေးပွဲအကြောင်း

    ဂျပန်စာကိုလေ့လာသင်ကြားနေသော (non-native speaker) များအတွက် ရည်ရွယ်ပြီး ဂျပန်နိုင်ငံ

    Immigration မှ အသိအမှတ်ပြုထားသော J-TEST ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲကို

    ၁၉၉၁ခုနှစ်မှ စတင်ပြီး နိုင်ငံပေါင်း(၁၃)နိုင်ငံတွင် ကျင်းပလျှက်ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ်နိုဝင်

    ဘာလမှ စတင်၍ တစ်နှစ်လျှင်(၆)ကြိမ် ( ဇန်နဝါရီလ၊ မတ်လ၊ မေလ၊ ဇူလိုင်လ၊ စက်တင်ဘာလနှင့်

    နိုဝင်ဘာလ)များတွင်ကျင်းပပေးလျှက်ရှိပါသည်။

    (၁) ဂျပန်စာကိုလေ့လာသင်ယူပြီး၊ဂျပန်ကုမ္ပဏီများတွင် အလုပ်ဝင်ရန်ရည်ရွယ်ထားသူများ

    (၂)  ဂျပန်နိုင်ငံသို့ပညာသင်သွားရောက်မည့်သူများ

    (၃)  ဂျပန်ဘာသာကိုသင်ယူ၍ ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအတွက် ဖြေဆို

           သင့်သော ကုမ္ပဏီ၊ကျောင်းနှင့်အဖွဲ့အစည်းပေါင်း (၄၀၀)ကျော်တွင် အသုံးပြုနေသော စာမေးပွဲ

           ဖြစ်ပါသည်။   



     J-TEST ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲကျင်းပပြုလုပ်လျှက်ရှိသောနိုင်ငံများ။  

       日本地域

       中国(大陸地域)
       台湾地域
        韓国地域
        タイ地域
        モンゴル地域
        ベトナム地域
        バングラデシュ地域
        インドネシア地域 
        フィリピン地域  
        ブラジル地域
        ネパール地域 
        ミャンマー地域












Notice

(၁၆၉)ကြိမ်မြောက်J-TESTစာမေးပွဲလျှောက်လွှာများခေါ်ယူခြင်း။

🛑(16.07.2023) ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည့် J-TEST စာမေးပွဲလျှောက်လွှာများ အားစတင်လျှောက်ထားနိုင်ပြီဖြစ်ပါသည်။
(၁၆၉)ကြိမ်မြောက် J-TESTစာမေးပွဲအား -
✅ရန်ကုန်
✅မန္တလေး
✅တောင်ကြီး
✅မော်လမြိုင်
✅ပဲခူး
✅နေပြည်တော်
အစရှိသောစာဖြေဌာနများတွင်ကျင်းပပေးသွားမည်ဖြစ်ပါသည်။
J-TESTစာမေးပွဲသည် ဂျပန်အစိုးရလူဝင်မှူကြီးကြပ်ရေးမှ အသိအမှတ်ပြုထားသော စာမေးပွဲဖြစ်သောကြောင့် Training Visa, Work Visa, Student Visa များ အတွက် အသုံးပြု နိုင်ပါသည်။
ယခု(169) ကြိမ်မြောက် J.TEST စာမေးပွဲတွင် D-E Level နှင့် F-G Level (၂)ခုအားကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။
လျှောက်လွှာလက်ခံခြင်း
⏏️⏏️⏏️⏏️⏏️⏏️⏏️
(1) ကိုယ်တိုင်/ကိုယ်စားလျှောက်လွှာများစတင်လျှောက်ထားနိုင်မည့်ရက်-
(22.05.2023 မှ 22.06.2023 ) ထိ
⛔️မှတ်ချက်။ ။ အစိုးရရုံးပိတ်ရက်များပိတ်ပါသည်
လျှောက်လွှာရယူရန်
(2) အွန်လိုင်းလျှောက်လွှာများစတင်လျှောက်ထားနိုင်မည့်ရက်-
( 22.05.2023 မှ 22.06.2023) ထိ
⛔️မှတ်ချက်။ ။ ပိတ်ရက်မရှိလျှောက်ထားနိုင်ပါသည်။
လျှောက်လွှာတင်နည်းလမ်းညွှန်
------------------------------
✅ကိုယ်တိုင်/ကိုယ်စားလာရောက်လျှောက်လွှာတင်ခြင်း။
အထက်ဖော်ပြပါ Link မှစာမေးပွဲလျှောက်လွှာအား download ရယူပြီး လျှောက်လွှာတွင်ပါရှိသော အချက် အလက် များအား Typing ဖြင့် ဖြည့်သွင်းပြီး ဓာတ်ပုံကပ်ရန် နေရာတွင် (3 x 4 cm)ဆိုဒ်ရှိသော ဓာတ်ပုံကို ဖြည့်သွင်းပါ။ အချက်အလက်များ အားလုံးကို ဖြည့်သွင်းပြီးပါက Print ထုတ်ယူပြီး (3 x 4 cm)ဆိုဒ် ရှိသော ဓာတ်ပုံ(၂)ပုံ ၊ မှတ်ပုံတင်မိတ္တူ(၁)စုံ၊စာမေးပွဲကြေး ငွေကျပ်-၄၀,၀၀၀/- ကျပ် နှင့်အတူလာရောက်လျှောက် ထားနိုင်ပါသည်။
***(Typing ဖြင့် ဖြည့်သွင်းရန်အခက်အခဲရှိသူများသည် လျှောက်လွှာအား Print ထုတ်ယူပြီး အချက်အလက်များကိုလက်ရေးဖြင့်ဖြည့်သွင်းလျှောက်ထားနိုင်ပါသည်)
ကိုယ်တိုင်/ကိုယ်စားလျှောက်ထားချင်သူများအတွက်မိမိတို့စာဖြေဌာနအလိုက်လာရောက်လျှောက်ထားရန်နေရာများအားအောက်ဖော်ပြပါ ပူးတွဲပါဖိုင်တွင်ကြည့်နိုင်ပါသည်။
✅အွန်လိုင်းလျှောက်လွှာတင်ခြင်း။
အောက်ဖော်ပြပါ စာဖြေဌာနများမှ မိမိတို့ဖြေဆိုမည့်သက်ဆိုင်ရာစာဖြေဌာန Application Form Link သို့ ဝင်ရောက်ဖြည့်သွင်းလျှောက်ထားရမည်ဖြစ်ပါသည်။
J.TESTဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ၏ စာမေးပွဲကြေးပေးသွင်းခြင်းနည်းလမ်းများကို အောက်တွင်ဖော်ပြထားသောပူးတွဲပါလမ်းညွှန်တွင်လေ့လာနိုင်ပါသည်။
ရန်ကုန်စာဖြေဌာန
မန္တလေးစာဖြေဌာန
တောင်ကြီးစာဖြေဌာန
မော်လမြိုင်စာဖြေဌာန
ပဲခူးစာဖြေဌာန
နေပြည်​​​တော်စာ​ဖြေဌာန
❇️အွန်လိုင်းလျှောက်လွှာဖြည့်သွင်းနည်းလမ်းညွှန်
မိမိတို့လျှောက်ထားဖြေဆိုမည့်စာဖြေဌာန Online Application Form သို့ဝင်ရောက်ပြီး အချက်အလက်များကို စတင်ဖြည့်သွင်းရမည်ဖြစ်ပါသည်။
(၁) E-Mail (မိမိအမည်ဖြင့်ဖွင့်ထားသော E-mail ဖြစ်ရပါမည်)
(၂) TEST SITE (မိမိဖြေဆိုမည့်စာဖြေဌာနအားရွေးပါ)
(၃) LEVEL ( ဖြေဆိုမည့် Level အားရွေးပါ)
(၄) NAME (အမည်အား Capital Letter စာလုံးအကြီးများဖြင့်သာဖြည့်သွင်းပါ)
(၅) DATE OF BIRTH (မွေးသက္ကရာဇ်ရွေးပါ)
(၆) MALE / FEMALE (ကျား/မရွေးပါ)
(၇) မှတ်ပုံတင်အမှတ် (နမူနာအားကြည့်ပါ)
(၈) PHONE NUMBER (မိမိကိုင်ဆောင်သောဖုန်းနံပါတ်သာထည့်သွင်းပါရန်)
(၉) ADDRESS (လက်ရှိနေထိုင်သောလိပ်စာအားဖြည့်သွင်းပါ)
(၁၀) SCHOOL NAME (ဂျပန်စာသင်ကျောင်းအမည်/ Self-Study/Privateစသည်ဖြင့်မိမိနှင့်သက်ဆိုင်ရာရေးပါ)
(၁၁) NRC ATTACHMENT (Add File ကို နှိပ်ပါ။နိုင်ငံသားစိစစ်ရေးကဒ်ပြား ရှေ့/နောက်တစ်မျက်နှာထဲပါသောfileအား attach တွဲပါ)
(၁၂) PHOTO ATTACHMENT (Add File ကို နှိပ်ပါ။ (3×4) cm ဆိုဒ်ရှိ​သောဓာတ်ပုံအားဖြည့်သွင်းပါ။
(နောက်ခံ background သည်အပြာ/အဖြူ အရာင်တစ်မျိုးသာဖြစ်ရမည်)
(၁၃) PAYMENT RECEIPT (Add File)ကို နှိပ်ပါ။ Payment Receipt KBZPay / CB Payဖြင့် စာမေးပွဲကြေး ပေးသွင်းထား သော ချလံ(Receipt)ကို တွဲပါ။
K PAY (History မှ Payment Successful)ကိုAttachတွဲရပါမည်။
CB PAY (Transfer Complete)ကိုAttachတွဲရပါမည်။
Complete/Successful မဖြစ်သေးပါကလက်ခံမည်မဟုတ်ပါ။
***အထက်ဖော်ပြပါအချက်အလက်များအားလုံးဖြည့်သွင်းပြီး “Submit Button”အားနှိပ်ပါက စာမေးပွဲ ဖြေဆို ခွင့်လျှောက်လွှာလက်ခံရရှိကြောင်းအကြောင်းကြားစာရရှိမည်ဖြစ်ပြီး၊လုပ်ဆောင်ချက်အောင်မြင်ပြီဖြစ်ပါသည်****
J-TEST MYANMAR OFFICE မှ လည်း လျှောက်လွှာလက်ခံရရှိသည့်နေ့မှစ၍(၁)ပတ်အတွင်းလျှောက်ထားသူ၏E-mailသို့ငွေသွင်းပြေစာ (Receipt) များပြန်လည် ပေးပို့သွားမည်ဖြစ်ပါသည်
♦️စာမေးပွဲကြေးပေးသွင်းခြင်းလမ်းညွှန်♦️
Online မှ လျှောက်လွှာတင်သူများအတွက်စာမေးပွဲကြေးအား K Pay , CB Pay များဖြင့်ပေးသွင်း ရမည် ဖြစ်ပါသည်။ငွေပေးသွင်းနည်း လမ်းညွှန်အသေးစိတ်အား အောက်တွင်ဖော်ပြထားသောပူးတွဲပါဖိုင်တွင် ကြည့်ရှု့နိုင်ပါသည်။
⚠️သတိပြုရန်⚠️
----------------------
(၁) ဖြေဆိုသူများအနေဖြင့် မိမိတို့၏အချက်အလက်များအား မှန်ကန်စွာဖြည့်သွင်းရန်နှင့် တစ်စုံတရာမှားယွင်းမှု့ များပါရှိပါကဖြေဆိုသူ၏တာဝန်သာဖြစ်ပါသည်။ J.TESTမှအောင်လက်မှတ် (Certificate)ပါအချက်အလက်များ အား ပြန်လည်ပြင်ဆင်ပေးမည် မဟုတ်ပါ။
(၂) ဖြေဆိုရန်လျှောက်ထားသော လျှောက်လွှာများအား ဖြေဆိုသူဘက်မှအကြောင်းအမျိုးမျိုးကြောင့် cancel လုပ်ပါက စာမေးပွဲကြေးများအားပြန်အမ်းပေးမည်မဟုတ်ပါ။
(၃) ဖြေဆိုရန်ရွေးချယ်ထားသောစာဖြေဌာန(TEST SITE) နှင့် (LEVEL) အားမည်သည့်အကြောင်းကြောင့်မှပြန်လည်ပြင်ဆင်ပေးမည်မဟုတ်ပါ။
(၄) ကိုယ်တိုင်/ ကိုယ်စား လာရောက်လျှောက်ထားခြင်းဖြစ်စေ ၊ Online မှ လျှောက်ထားခြင်းဖြစ်စေ ၊ အထက်ပါအချက်အလက်များ ပြည့်စုံစွာဖြည့်သွင်းလျှောက်ထားပြီး စာမေးပွဲကြေးပေးသွင်းထားသော သူများသာ ခုံနံပါတ် (ဖြေဆိုခွင့်ကဒ်များ) ရရှိမည်ဖြစ်ပြီး ၊ ခုံနံပါတ်များ ကြည့်ရှုနိုင်မည့်ရက်ကိုလည်း စာမေးပွဲကျင်းပမည့်ရက်မတိုင်ခင် (၁)ပတ်အလိုတွင် J-Test Yangon Myanmar Page တွင်အသိပေး ကြေငြာပေးသွားမည်ဖြစ်ပါသည်။
စာမေးပွဲရလဒ်နှင့်ပတ်သက်၍ကြေငြာချက်။ ။
စာမေးပွဲဖြေဆိုပြီး (၃)ရက်အကြာတွင်အဖြေမှန်များ ထွက်ရှိမည်ဖြစ်ပြီး၊ (၃)ပတ်အကြာတွင် အောင်စာရင်းများ ထွက်ရှိမည်ဖြစ်ပါသည်။
အောင်စာရင်းထွက်ပြီး(၁)ပတ်အကြာတွင်အောင်လက်မှတ်များ ရောက်ရှိမည်ဖြစ်ပါသည်။ အောင်လက်မှတ်များ ရောက်ရှိလာပါက J.Test-Yangon, Myanmar Page တွင် လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ကြေငြာပေး သွားမည်ဖြစ်ပါသည်။
J-TESTစာမေးပွဲနှင့် ပတ်သတ်သော ကြေငြာချက်များအား J.Test-Yangon, Myanmar Page တွင် အသိပေးသွားမည် ဖြစ်ပြီး၊အသေးစိတ်အချက်အလက်များကို j-testmm.comတွင်ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။

J-TEST YANGON MYANMAR OFFICE
09950205385

Menu