J-TEST ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲကို A-C Level, D-E Levelနှင့်F-G Level
ဟူ၍2019(5)လပိုင်းမှစ၍ Level (3)မျိုးဖြင့်စတင်ကျင်းပပေးသွားမည်ဖြစ်ပါသည်။J-TEST
စာမေးပွဲ၏ထူးခြားချက်မှာမိမိတို့၏ဂျပန်ဘာသာအရည်အချင်းကိုပိုမိုခန့်မှန်းနိုင်ရန်ရည်ရွယ်၍
ရေးဖြေမေးခွန်းများကိုလည်း ထည့်သွင်းကျင်းပပေးထားခြင်းဖြစ်ပါသည်။
(မေးခွန်းပုံစံနမူနာများကို သက်ဆိုင်ရာ link များတွင်ဝင်ရောက်လေ့လာနိုင်ပါသည်။)
A-C Level
D-E Level
F-G Level
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) N1 , N2 ဖြေဆိုသူများအတွက်
J-TEST [A-C Level ]
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) N3 , N4 ဖြေဆိုသူများအတွက်
J-TEST [D-E Level ]
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) N5,Basic Levelဖြေဆိုမည်သူများအတွက်
J-TEST [F-G Level ]များကို၀င်ရောက် ဖြေဆိုနိုင်ပါသည်။
၁။ A-C LEVEL စာမေးပွဲ၌ စုစုပေါင်းရမှတ်သည် အမှတ်(၁၀၀၀) ဖြစ်၍ အနည်းဆုံးရမှတ်
(၆၀၀)ရရှိမှသာလျှင်Certificate (အောင်လက်မှတ်) ထုတ်ပေးမည်ဖြစ်ပါသည်။
၂။ D-E LEVEL စာမေးပွဲ၌ စုစုပေါင်းရမှတ်သည် အမှတ်(၇၀၀) ဖြစ်၍ အနည်းဆုံးရမှတ်
(၃၅၀)ရရှိမှသာလျှင်Certificate (အောင်လက်မှတ်) ထုတ်ပေးမည်ဖြစ်ပါသည်။
၃။ F-G LEVEL စာမေးပွဲ၌ စုစုပေါင်းရမှတ်သည် အမှတ်(၃၅၀) ဖြစ်၍ အနည်းဆုံးရမှတ်
(၁၈၀)ရရှိမှသာလျှင်Certificate (အောင်လက်မှတ်) ထုတ်ပေးမည်ဖြစ်ပါသည်။
(စာမေးပွဲကျင်းပမည့်ရက်-၁၅.၅.၂၀၂၂တနင်္ဂနွေနေ့)
Training visa, Work visa, Student visa များအတွက် အသုံးပြုနိုင်သော
J.Test စာမေးပွဲအားကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉
လမ်းညွှန်ချက်များနှင့်အညီ ရန်ကုန်မြို့နှင့် မန္တလေးမြို့ များတွင် ကျင်းပပေး
သွားမည်ဖြစ်ပါသည်။J.Test စာမေးပွဲ၏A-C Level , D-E Level ,F-G Level
အတွက်(N1 မှ N5 အထိ Levelအားလုံး) ကျင်းပပေးသွားမည်ဖြစ်ပါသည်။
လျှောက်လွှာများအား ကိုယ်တိုင်/ကိုယ်စားလာရောက်လျှောက်တင်ခြင်း နှင့်
E-Mail ဖြင့်လျှောက်တင်ခြင်း(၂) မျိုးဖြင့်လက်ခံပေးသွားမည်ဖြစ်ပါသည်။
(၁) E-Mail ဖြင့် လျှောက်လွှာတင်ခြင်းများအား (၂၉.၃.၂၀၂၂ မှ ၈.၄.၂၀၂၂) ထိ
လက်ခံပေးသွားမည်ဖြစ်ပြီး၊ (၂) ကိုယ်တိုင်/ကိုယ်စားလျှောက်ထားခြင်းများအတွက်
လျှောက်လွှာများအား (၄.၄.၂၀၂၂ မှ ၈.၄.၂၀၂၂) ထိလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
J.TEST MYANMAR OFFICE (VAC YANGON CO., LTD)
အမှတ်(၃၇) ၊ လပြည့်ဝန်းပလာဇာ၊ အခန်း(၂၀၅) ၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊
ရန်ကုန်မြို့။ 09-950205385 (စုံစမ်းမေးမြန်းရန်)
J.TESTဖြေဆိုသူများအာလုံးမင်္ဂလာပါ....
(15.5.2022)ရက်နေ့တွင်ကျင်းပပြုလုပ်သော(162)ကြိမ်မြောက်J.Test Certificateများအား
စာမေးပွဲဖြေဆိုပြီးတစ်လအကြာတွင်ထုတ်ယူနိုင်မည်ဖြစ်ပီး Certificate များရောက်ရှိပါက
J.Test Myanmar Officeမှချက်ချင်း အသိပေးကြေငြာပေးသွားမည် ဖြစ်ပါသည်။
09-950205385
J.TESTစာမေးပွဲအောင်စာရင်းများကိုစာမေးပွဲဖြေဆိုပြီး(၃)ပတ်အကြာတွင်
အောက်ဖော်ပြပါlinkမှ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
URL : http://j-testmm.com